Powered By Blogger

Friday, July 6, 2012

ဂျီမေး အကောင့်ကို ဖျက်ချင်ရင်


အကြောင်းအမျိုးမျိုးကြောင် gmail အကောင့်ကို ဖျက်ပစ်ချင်တဲ့အခါ အောက်ကလင့်

မှာ Singn in ၀င်ပြီး ဖျက်ပစ်နိုင်ပါတယ် အသေးစိပ်ရေးနေတာထက် လက်တွေ လင့်

လေး ပေးလိုက်တာပါ အဲ့လင့်မှာ ၀င်လိုက်ရင် ဖျက်တဲ့နေရာကို တန်းရောက်ပါတယ်

ကဲ့ gtalk & gmail အကောင့်တွေ ဖျက်လို့ ရပါပြီ..........................................။

 ဒီလင့်မှာ ၀င်ဖျက်ပါ  - https://accounts.google.com/b/0/DeleteAccount

ပုံနဲ့ ကြည်ချင်ရင်- http://blog.consultmirror.com/2008/11/gmail-tips-and

အကောင့် အဟောင်းမှ friendsများ အကောင့် အသစ်ကို ပြောင်းချင်ရင်

Gmail အကောင့်ဟောင်းမှ လူများကို အကောင့်အသစ်ထဲသို့ ပြောင်းနည်း
ကျနော်ပုံတွေနဲ့ ရေးပြဖို့ ရှိပေမယ့် အချိန်မရတာကြောင့် မှော်ဆရာလေးက

သူမျှဝေပေးပါ့မယ်ဆိုတာ အဆင်ကိုပြေရော ..ဟိုတလောက ချက်ဘောက်

ကနေမေးလာတဲ့သူငယ်ချင်းလည်းဒီလောက်ဆိုအဆင်ပြေမယ်ထင်ပါတယ်

Gtalk နဲ့ ဆိုင်တဲ့စာအုပ်ထဲမှာ ပါပြီးသားပါဗျာ ဒေါင်းပီးဖတ်ကြည့်လိုက်ပါ...။


 Gtalk အသုံးပြုသူတိုင်းမှာ အကောင့်တစ်ခုထက် ပိုပြီးရှိကြပါတယ်. တစ်ချို့ ဆို

၎-၅-၆ ခုထိရှိတာတွေ့ ဖူးပါတယ်.ဒီလို အကောင့်တွေများတော့ အကောင့်သစ်

ဖွင့်တဲ့နေရာမှာ Ph number တွေတောင်းလာတယ်...  အခုဆို Gmail အသစ်

ဖွင့်ဖို့ တော်တော်ကို  ခက်ခဲသွားပါပြီ..... .အခုတင်ပြချင်တာက   အကောင့်အ

ဟောင်းထဲက သူငယ်ချင်းတွေအားလုံးကို   အကောင့်အသစ်ကို  တစ်ယောက်

ချင်း စီ ပြန်ပြီး လိုက်အပ်နေစရာ မလိုပါဘူး ။  အကောင့်တစ်ခု က သူငယ်ချင်း

အကုန်လုံးကို နောက်အကောင့်  တစ်ခုကို   ပြောင်းထည့်တာပေါ့ ။   အရင်ဆုံး

gmail ထဲကို ၀င် ။(အကောင့်အဟောင်းနော်) ။ အခု နောက်ပိုင်း mailကstyle

တစ်မျိုး ပြောင်းသွားတော့ mail ရဲ့ ဘယ်ဘက် အပေါ်ထောင့် compose mail

,inbox တို့ အပေါ်မှာ  Contact ဆိုပြီး ရှိပါတယ် ။  အဲ့ထဲကို ၀င် ..  ။အဲ့ဒါဆိုရင်

အဲ့မှာ  ကိုယ့်သူငယ်ချင်းတွေ  အားလုံး ပေါ်လာပါလိမ့်မယ်။ အဲ့နေရာမှာ More

Action ဆိုတဲ့  နေရာလေးကို နှိပ် ပြီးရင်  export ...။ အဲ့လို export လုပ်လိုက်

ရင်တော့  google က  ဒေါင်းလုပ် ဖိုင်လေး တစ်ခုပေးပါလိမ့်မယ် ။    သူ့ အလို

လို .csv file ကို  ရွေးပြီးသားမိုဒေါင်းလုပ်လုပ်လိုက်ပါ ။  တစ်နေရာရာမှာ save

လိုက်ပေါ့ ။ ပြီးရင် ပြောင်းထည့်ချင်တဲ့   အကောင့် အသစ်ထဲကို ၀င် ..။ ခုန က

အဆင့်တွေအတိုင်း ပြန်သွား ။  ပြီးရင် More Action   ထဲမှာ   Import ကို နှိပ်

။ပြီးရင် ခုန က  ဒေါင်းလုပ် လုပ်ထားတဲ့   google.csv file ကိုရွေးပေးလိုက်ရင်

မိမိရဲ့ အကောင့်အဟောင်းထဲက  သူငယ်ချင်းတွေ   အားလုံးအကောင့်အသစ်

ထဲကိုတစ်ဦးချင်းစီ  လိုက်အပ်နေစရာမလိုတော့ပဲ ရောက်ရှိသွားပါလိမ့်မယ် ။

မလိုတဲ့ EMAILS တွေကို ကိုယ့်ဆီ လုံးဝ ဆက်သွယ်လို့မရအောင် Block လုပ်နည်း

  Gmail အတွက်
1. သင့် account ကို ၀င်ထားလိုက်ပါ
2.  Settings ကိုနှိပ်ပါ
3. Filters ကိုနှိပ်ပါ
4. “Create a new filter“, ကိုနှိပ်ပါ
5. Email From မှာကြည့်ပြီး မလိုတဲ့မေးလ်တွေကို ထည့်ပါ ဒီနေရာမှာ ကြည့်ကျက်လုပ်လိုက်ပေါ့နော် အသေးစိတ်ပြောဖို့ မလိုအပ် ဘူးထင်လို့ပါ
6.  Next Step ကိုနှိပ်ပါ blocked emails တွေကို select  လုပ်ပါ  Delete လုပ်ပေးလိုက် blocked email တွေ အားလုံး trash ဖိုင်ထဲရောက်သွားပါမယ် unblock လုပ်ချင်ရင် filter လုပ်ထားတာကို ဖျက်ပစ်လိုက်ရင်ရပါပြီor Yahoo mail အတွက်
1. သင့် account ကို ၀င်ထားလိုက်ပါ
2. Options ကိုနှိပ်ပါ
3. MOptions ကိုနှိပ်ပါ
4. ညာဘက်မှာ option Filters ကိုရွေးပါ   create (သို့) edit filters ကို နှိပ်ပါ
5.  Add ကိုနှိပ်ပါ
6.နောက် screenမှာ,  block ချင်တဲ့ email address ပုံစံအောက်မှာ filter နာမည်ပေးချင်ပေးပေါ့
 Move the message to: Trash ပြီးရင် Save Changes
Hotmail အတွက်
1. သင့် account ကို ၀င်ထားလိုက်ပါ
2. Options ကိုနှိပ်ပါ
3. MOptions ကိုနှိပ်ပါ
4. Safe ကိုနှိပ်ပါ Junk e-mail အောက်မှာ blocked senders link ရှိပါတယ်
5. Blocked senders ကိုနှိပ်ပါ
6. blocked e-mail address အောက်မှာ သင်မလိုချင်တဲ့ မေလ်းကိုထည့်ပါ သို့မဟုတ် domain field ပေါ့ဗျာ

VZO အကြောင်းသိကောင်းစရာများ။

ဒါကတော့ VZO အကြောင်းကိုမြန်မာလိုရေးထားတဲ့ ဆိုက်လေးပါ သွားရောက်လေ.လာနိုင်ပါတယ်။
         
                                     http://vzochat.com/my/Default.aspx


Google Search မှာ ပိုမိုပြည့်စုံအောင် ရှာချင်ရင်..

ဒီတစ်ခါတော့ ကျနော်တို့ အများဆုံးအသုံးပြုနေတဲ့ Google Search Engine မှာ ကျနော်တို့ ရှာချင်တဲ့ အကြောင်းအရာတွေ ပိုမိုပြည့်စုံစွာ ဖော်ပြနိုင်ဖို့အတွက် နည်းလမ်းလေး တစ်ခု မျှဝေချင်ပါတယ်။ သိပ်ခက်ခက်ခဲခဲတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တော်တော်အသုံးဝင်တာ တွေ့ ရပါတယ်။ စမ်းကြည့်လိုက်ပါအုံးခင်ဗျာ။ ပထမဆုံး ကိုယ်ရှာချင်တဲ့ စာလုံးတွေကို ရိုက်ထည့်ပြီး Enter ပေးလိုက်ပါတယ်။ ဆိုပါတော့ .. အောက်က ပုံထဲကလို.. latest Myanmar News ဆိုပြီး ရိုက်ထည့်လိုက်ရင်.. News Links တွေတော့ အများကြီးတွေ့ရမှာပဲ။ ဒါပေမယ့်လို့ အဲဒီထက်ပြည့်စုံအောင်... ကိုယ်ရှာလိုက်တဲ့ အကြောင်းအရာကို ဖော်ပြပေးနိုင်အောင် ဆိုရင်တော့ ကိုယ်ရှာလိုက်တဲ့ link ရဲ့ နောက်ဆုံးမှာ =&as_qdr=d စာသားလေး ထည့်ပေးလိုက်ပါ။ ပိုရှင်းအောင် အောက်က ပုံလေးကို ကြည့်လိုက်ပါအုံး...

ဒီပုံထဲကအတိုင်း အပြာရောင်နဲ့ ပြထားတဲ့နေရာမှာ =&as_qdr=d ဆိုတဲ့ word လေးထည့်ပေးလိုက်ပါ။

သဘောပေါက်ကြမှာပါ။ အခုလိုရှင်းပြရတာက မသိသေးတဲ့ သူများအတွက် ဖြစ်ပါတယ်။ သိပြီးသားသူများအတွက် ကလေးကလားဆန်နေပါလိမ့်မယ်။
    ဒီပုံကတော့ ပုံမှတ်အတိုင်း ရှာထားတဲ့ result ပါ။




ဒီပုံကတော့ အထက်ပါ စာလေး ထည့်ပြီး ပြန်ရှာလိုက်တဲ့ result ပဲ ဖြစ်ပါတယ်။

ref: ကိုဝင်း

password hack မခံရအောင်

SSL ဆိုတာကတော့ Secure Socket Layer ကိုခေါ်တာပါ။
သူကဘာလဲဆိုတော့ User တစ်ယောက်ရိုက်ထည့်လိုက်တဲ့ Password တစ်ခုကို Encrypted လုပ်ပြီးတော့ Server ကိုပြန်ပို့ပါတယ်။ အဲဒီတော့ ကြားကနေ Password ကို Sniffing လုပ်မယ်ဆိုရင်တောင် Hacker ဟာ Encrypted လုပ်ထားတဲ့ Password ကိုပဲရသွားပါလိမ့်မယ်။ SSL သုံးထားတဲ့ ဆိုက်တွေရဲ့ Address ဟာ https:// နဲ့စပါတယ်။ အောက်ကဓါတ်ပုံလေးတွေကိုကြည့်ရအောင်။
ဒါကတော့ SSL သုံးမထားတဲ့ ပုံပါ။ ပုံမှာပါတဲ့အတိုင်း User က Server ဆီကို abc ဆိုတဲ့ Password တစ်ခုရိုက်လိုက်ပါတယ်။ ဒါကို Hacker ကကြားကနေ Sniffing လုပ်လိုက်တယ်ဆိုပါတော့။ ဒါဆိုရင် Hacker ဟာ abc ဆိုတဲ့ Password ကိုရသွားပါလိမ့်မယ်။ OK...နောက်တစ်ပုံကြည့်ပါ။
ဒါကတော့ SSL သုံးထားတဲ့ပုံပါ။ ဒီမှာကတော့ abc ဆိုတဲ့ Password ကို Encrypted လုပ်လိုက်ပါတယ်။ Encrypted Method အရ
a = z
b = y
c = x
ဆိုပြီး zyx လို့ပြောင်းလိုက်ပါတယ်။ ဒါကိုပဲ Hacker က Sniffing လုပ်ပါသေးတယ်။ ဒါပေမယ့် Hacker ရသွားတာက zyx ဆိုတဲ့ Password ဖြစ်သွားပါပြီ။
Hacker အနေနဲ့ ဒါကို Decrypted ပြန်လုပ်ဖို့ ထိုက်သင့်သလောက် အချိန်ယူရပါလိမ့်မယ်။ SSL ဆိုတာကတော့ ဒါပါပဲခင်ဗျာ။

ref: shwe ko yan taw

Email (သို့မဟုတ်) အခြားနေရာများတွင် စာများကို လျှို့ဝှက်စာများအဖြစ် ပို.မည်

   Email (သို့မဟုတ်) အခြားနေရာများတွင် သင်ရေးလိုသည့် စာများကို လျှို့ဝှက်စာများအဖြစ် Encode လုပ်ပြီး၊ password အသုံးပြု၍ ပို့နိုင်ပါသည်။ Encode လုပ်စဉ်က password နှင့်သာ ၎င်းစာကို Decode ပြန်ဖြည်၍ရမည် ဖြစ်ပါသည်။ အောက်တွင်ပေးထားသော Top Secrect Email Site တွင်သွားပြီး၊ Enter your "Unique key here" ကွပ်လပ်တွင် သင်နှစ်သက်ရာ password ကိုရေးပါ။ ထို့နောက် Create your messages to be encode ၏အောက်တွင်ရှိသော ကွပ်လပ်တွင် သင်ရေးလိုသောစာများကိုရေးပါ။ Uni-Code ကိုပါ support လုပ်သည့်အတွက် မြန်မာစာ ZawGyi One Font ကိုပါအသုံးပြုနိုင်ပါသည်။ သင်ရေးလိုသောစာများကို ရေးပြီးလျှင် ၎င်း၏အောက်တွင်ရှိသော Encode Now ကိုနှိပ်ပါ။

                                          သင်ရေးလိုက်သောစာများသည် ၊ အခြားဖတ်ရှု၍မရနိုင်သည့် စာလုံးများသို့ ပြောင်းလဲသွားသည်ကို တွေ့ရမည်ဖြစ်ပြီး၊ ၎င်းစာများကို copy ကူး၍ သင်အသုံးပြုလိုသောနေရာတွင် paste လုပ်ပါ။ ဥပမာ- အခြားသူတစ်ယောက်ထံ Email ပို့လိုပါက copy ကူးထားသောစာများကို Email body တွင် paste လုပ်၍ ပို့ပါ။ သင်ပို့လိုက်သောသူအား သင် Encode လုပ်စဉ်က password ကိုလျှို့ဝှက်စွာ အသိပေးထားပါ။ သင်ပို့လိုက်သော Email ကို အခြားသူမှ ကြည့်လိုလျှင် ၎င်းစာများကို copy ကူး၍ Top Secret Email Site သို့သွားရပါမည်။ ထို့နောက် "Decode a message now" tab ကိုနှိပ်၍ သင် Encode လုပ်စဉ်က password ကို အထက်တွင်ရေးခဲ့သည့်အတိုင်း ရိုက်ထည့်ပါ။ ပြီးလျှင် Copy and paste the secret message from your email to be decoded ဟူသောနေရာတွင် copy ကူးလာသည့် message စာများကို paste လုပ်ပါ။ ပြီးလျှင် Decode Now ကိုနှိပ်လိုက်လျှင် သင်၏လျှို့ဝှက်စာများကို ကြည့်ရှု၍ ရပါပြီ။ အခြားနေရာများတွင်လည်း ထိုနည်းတူစွာ လျှို့ဝှက်စာများကို ပေးပို့၊သိမ်းဆည်းထားနိုင်ပါသည်။ လျှို့ဝှက်စာများကို ဖတ်ရှုလိုသည့် သူများအားလုံးကို password အသိပေးထားရမည်ဖြစ်ပြီး၊ Encode (သို့) Decode ပြုလုပ်ခါ အသုံးပြုနိုင်ပါသည်။
http://www.topsecretemail.com/Decode_Message.cfm
http://www.topsecretemail.com/Encode_Message.cfm