Scott's Gmail Alert လို့ခေါ်တဲ့ Gmail shortcut ဆော့(ဖ်)ဝဲမှာ
လုပ်ဆောင်ချက်များစွာပါဝင်ပါတယ်။ သင့် Gmail account ၅ ခုကိုတစ်ပြိုင်နက်ထဲ
sign in လုပ်ထားနိုင်ပါတယ်။ ၎င်း account တစ်ခုခုမှ mail အသစ်ဝင်လာလျှင်
အသံနဲ့ Alert ပေးပါတယ်။ သင် ကြိုက်ရာအသံကို preference setting ရဲ့
အောက်မှာ ရွေးချယ်နိုင်ပါတယ်။ ဒါအပြင် Cap lock key ပွင့်နေလျှင်လည်း
သင်နှစ်သက်ရာအသံနဲ့ alert ပေးနိုင်အောင်လုပ်ထားလို့ရပါတယ်။ သင်နှစ်သက်ရာ
web site ရဲ့ RSS feed ကိုလည်း alert လုပ်ပေးနိုင်ပါသေးတယ်။
သင့်ရဲ့ Google calender နဲ့ Google application ကိုလည်း ဒီ ဆော့(ဖ်)ဝဲကနေပဲ control လုပ်လို့ရပါတယ်။ သင် Email တစ်စောင် ပို့ချင်ရင်လည်း သင့် Gmail ကို browser ကနေ ဖွင့်နေစရာမလိုပဲ အမြန်ပို့နိုင်အောင် စီစဉ်ပေးထားပါတယ်။ portable အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ ဒီဆော့(ဖ်)ကိုဖွင့်ဖို့ကိုလည်း password ထည့်ထားနိုင်ပါတယ်။ အခြား လုပ်ဆောင်ချက်များလည်း များစွာပါဝင်ပါတယ်။ကဲလိုချင်ရင် အောက်မှာဒေါင်းလိုက်ပါ။ကျွန်တော် မူရင်းဆိုက်ကနေ ဆွဲပြီးပြန်တင်ပေးထားပါတယ်။မူရင်းဆိုက်က ဆွဲရတာ ရှုပ်လိုပါ။ကဲဒေါင်းလိုက်ပါနော်။
DOWNLOAD HERE
အဆင်မပြေတာရှိရင် ပြန်ပြောပေးပါနော်။(လင်းဇာနည်)

No comments:
Post a Comment
ရောက်လာ ကျသူ မိတ်သဟာ အပေါင်း ကျန်းမာ၊ထီပေါက်၊နိဗ္ဗာန်ရောက်ပါစေ။