Powered By Blogger

Friday, July 6, 2012

Email (သို့မဟုတ်) အခြားနေရာများတွင် စာများကို လျှို့ဝှက်စာများအဖြစ် ပို.မည်

   Email (သို့မဟုတ်) အခြားနေရာများတွင် သင်ရေးလိုသည့် စာများကို လျှို့ဝှက်စာများအဖြစ် Encode လုပ်ပြီး၊ password အသုံးပြု၍ ပို့နိုင်ပါသည်။ Encode လုပ်စဉ်က password နှင့်သာ ၎င်းစာကို Decode ပြန်ဖြည်၍ရမည် ဖြစ်ပါသည်။ အောက်တွင်ပေးထားသော Top Secrect Email Site တွင်သွားပြီး၊ Enter your "Unique key here" ကွပ်လပ်တွင် သင်နှစ်သက်ရာ password ကိုရေးပါ။ ထို့နောက် Create your messages to be encode ၏အောက်တွင်ရှိသော ကွပ်လပ်တွင် သင်ရေးလိုသောစာများကိုရေးပါ။ Uni-Code ကိုပါ support လုပ်သည့်အတွက် မြန်မာစာ ZawGyi One Font ကိုပါအသုံးပြုနိုင်ပါသည်။ သင်ရေးလိုသောစာများကို ရေးပြီးလျှင် ၎င်း၏အောက်တွင်ရှိသော Encode Now ကိုနှိပ်ပါ။

                                          သင်ရေးလိုက်သောစာများသည် ၊ အခြားဖတ်ရှု၍မရနိုင်သည့် စာလုံးများသို့ ပြောင်းလဲသွားသည်ကို တွေ့ရမည်ဖြစ်ပြီး၊ ၎င်းစာများကို copy ကူး၍ သင်အသုံးပြုလိုသောနေရာတွင် paste လုပ်ပါ။ ဥပမာ- အခြားသူတစ်ယောက်ထံ Email ပို့လိုပါက copy ကူးထားသောစာများကို Email body တွင် paste လုပ်၍ ပို့ပါ။ သင်ပို့လိုက်သောသူအား သင် Encode လုပ်စဉ်က password ကိုလျှို့ဝှက်စွာ အသိပေးထားပါ။ သင်ပို့လိုက်သော Email ကို အခြားသူမှ ကြည့်လိုလျှင် ၎င်းစာများကို copy ကူး၍ Top Secret Email Site သို့သွားရပါမည်။ ထို့နောက် "Decode a message now" tab ကိုနှိပ်၍ သင် Encode လုပ်စဉ်က password ကို အထက်တွင်ရေးခဲ့သည့်အတိုင်း ရိုက်ထည့်ပါ။ ပြီးလျှင် Copy and paste the secret message from your email to be decoded ဟူသောနေရာတွင် copy ကူးလာသည့် message စာများကို paste လုပ်ပါ။ ပြီးလျှင် Decode Now ကိုနှိပ်လိုက်လျှင် သင်၏လျှို့ဝှက်စာများကို ကြည့်ရှု၍ ရပါပြီ။ အခြားနေရာများတွင်လည်း ထိုနည်းတူစွာ လျှို့ဝှက်စာများကို ပေးပို့၊သိမ်းဆည်းထားနိုင်ပါသည်။ လျှို့ဝှက်စာများကို ဖတ်ရှုလိုသည့် သူများအားလုံးကို password အသိပေးထားရမည်ဖြစ်ပြီး၊ Encode (သို့) Decode ပြုလုပ်ခါ အသုံးပြုနိုင်ပါသည်။
http://www.topsecretemail.com/Decode_Message.cfm
http://www.topsecretemail.com/Encode_Message.cfm

No comments:

Post a Comment

ရောက်လာ ကျသူ မိတ်သဟာ အပေါင်း ကျန်းမာ၊ထီပေါက်၊နိဗ္ဗာန်ရောက်ပါစေ။