SSL ဆိုတာကတော့ Secure Socket Layer ကိုခေါ်တာပါ။
သူကဘာလဲဆိုတော့ User တစ်ယောက်ရိုက်ထည့်လိုက်တဲ့ Password တစ်ခုကို Encrypted လုပ်ပြီးတော့ Server ကိုပြန်ပို့ပါတယ်။ အဲဒီတော့ ကြားကနေ Password ကို Sniffing လုပ်မယ်ဆိုရင်တောင် Hacker ဟာ Encrypted လုပ်ထားတဲ့ Password ကိုပဲရသွားပါလိမ့်မယ်။ SSL သုံးထားတဲ့ ဆိုက်တွေရဲ့ Address ဟာ https:// နဲ့စပါတယ်။ အောက်ကဓါတ်ပုံလေးတွေကိုကြည့်ရအောင်။
ဒါကတော့ SSL သုံးမထားတဲ့ ပုံပါ။ ပုံမှာပါတဲ့အတိုင်း User က Server ဆီကို abc ဆိုတဲ့ Password တစ်ခုရိုက်လိုက်ပါတယ်။ ဒါကို Hacker ကကြားကနေ Sniffing လုပ်လိုက်တယ်ဆိုပါတော့။ ဒါဆိုရင် Hacker ဟာ abc ဆိုတဲ့ Password ကိုရသွားပါလိမ့်မယ်။ OK...နောက်တစ်ပုံကြည့်ပါ။
ဒါကတော့ SSL သုံးထားတဲ့ပုံပါ။ ဒီမှာကတော့ abc ဆိုတဲ့ Password ကို Encrypted လုပ်လိုက်ပါတယ်။ Encrypted Method အရ
a = z
b = y
c = x
ဆိုပြီး zyx လို့ပြောင်းလိုက်ပါတယ်။ ဒါကိုပဲ Hacker က Sniffing လုပ်ပါသေးတယ်။ ဒါပေမယ့် Hacker ရသွားတာက zyx ဆိုတဲ့ Password ဖြစ်သွားပါပြီ။
Hacker အနေနဲ့ ဒါကို Decrypted ပြန်လုပ်ဖို့ ထိုက်သင့်သလောက် အချိန်ယူရပါလိမ့်မယ်။ SSL ဆိုတာကတော့ ဒါပါပဲခင်ဗျာ။
ref: shwe ko yan taw

No comments:
Post a Comment
ရောက်လာ ကျသူ မိတ်သဟာ အပေါင်း ကျန်းမာ၊ထီပေါက်၊နိဗ္ဗာန်ရောက်ပါစေ။