Powered By Blogger

Friday, July 6, 2012

နောက်ဆုံးထွက် Google talk English-Myanmar Dictionary အကောင့် (tested and working

   Google Account ရှိရုံဖြင့် မိမိသိလိုသော အင်္ဂလိပ်စာကားလုံး  ၏ အဓိပ္ပါယ်ကို လွယ်ကူစွာ မြန်မာဘာသာသို့ ပြန်ဆိုပေးနိုင်သော အကောင့်ဖြစ်ပါတယ်။ နောက်ဆုံး Update အကောင့်ဖြစ်တဲ့ en2my@burmesecloud.net ကို မိမိ Google Talk Account မှာ Add ပီးတော့ အသုံးပြုနိုင်ပါတယ်။

                                       အသုံးပြုပုံမှာ en2my@burmesecloud.net  အကောင့်ကို မိမိ၏ Gtalk အကောင့်တွင် ပုံမှန်အကောင့်တစ်ခု Add သည့်အတိုင်း ပြုလုပ်ပေးရပါမယ်။ ထို့နောက် ၄င်း အကောင့် အွန်လိုင်းသို့ ရောက်ရှိလာပါက အထက်ပါပုံတွင်ပြထားသည့်အတိုင်း မိမိသိလို့သည့် အင်္ဂလိပ် meaning ကို ရိုက်ထည့်ပေးလိုက်လျှင် မြန်မာဘာသာသို့ Auto Reply ပြန်ပို့ပေးမှာဖြစ်ပါတယ်။ ယခင် en2mm@mmgeeks.org  အကောင့်များအသုံးပြုရန် အဆင်မပြေသူများလည်း ယခု en2my@burmesecloud.net ကို Add ပြီး အဆင်ပြေစွာ အသုံးပြုနိုင်ပါတယ်။
ref: stamedia

နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါဗျာ ..

စိတ်မကောင်းစွာဖြင့် ဒီlist ထဲမှာ စင်ကာပူနှင့် မြန်မာနိုင်ငံပါမလာပါဘူးဗျာ ...

ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ကို အရင်ပြောပါမယ်။

Country name Country code Dialing code
Argentina AR +54
Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1

အသုံးပြုနည်းကတော့ ....

1. Google Talk ကိုဖွင့်ပါ။

2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။

3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။

(phonenumber@talkster.gtalk2voip.com)
ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com

4.Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။

တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။

သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။

အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။

Call back system သုံးဘူးတဲ့သူဆို သိပါတယ်။

ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။

ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။

လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။

5. တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။

မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။

Make calls from your Google Talk

1. Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ

2. Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။

3. Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။

4. တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 seconds အချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။

5. သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)

6. သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။

7. ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။

8. တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။

no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်းခင်ဗျား။

Helpful Hints
ဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။
ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။
login တွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။
အသေးစိတ် သိလိုသေးရင်တော့ www.talkster.com ကို သွားရောက် ဖတ်ရှုနိုင်ပါသည် ခင်ဗျား။

လုပ်ဆောင်ချက်များစွာပါဝင်သော Scott's Gmail Alert

Scott's Gmail Alert လို့ခေါ်တဲ့ Gmail shortcut ဆော့(ဖ်)ဝဲမှာ လုပ်ဆောင်ချက်များစွာပါဝင်ပါတယ်။ သင့် Gmail account ၅ ခုကိုတစ်ပြိုင်နက်ထဲ sign in လုပ်ထားနိုင်ပါတယ်။ ၎င်း account တစ်ခုခုမှ mail အသစ်ဝင်လာလျှင် အသံနဲ့ Alert ပေးပါတယ်။ သင် ကြိုက်ရာအသံကို preference setting ရဲ့ အောက်မှာ ရွေးချယ်နိုင်ပါတယ်။ ဒါအပြင် Cap lock key ပွင့်နေလျှင်လည်း သင်နှစ်သက်ရာအသံနဲ့ alert ပေးနိုင်အောင်လုပ်ထားလို့ရပါတယ်။ သင်နှစ်သက်ရာ web site ရဲ့ RSS feed ကိုလည်း alert လုပ်ပေးနိုင်ပါသေးတယ်။

                                       သင့်ရဲ့ Google calender နဲ့ Google application ကိုလည်း ဒီ ဆော့(ဖ်)ဝဲကနေပဲ control လုပ်လို့ရပါတယ်။ သင် Email တစ်စောင် ပို့ချင်ရင်လည်း သင့် Gmail ကို browser ကနေ ဖွင့်နေစရာမလိုပဲ အမြန်ပို့နိုင်အောင် စီစဉ်ပေးထားပါတယ်။  portable အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ ဒီဆော့(ဖ်)ကိုဖွင့်ဖို့ကိုလည်း password ထည့်ထားနိုင်ပါတယ်။ အခြား လုပ်ဆောင်ချက်များလည်း များစွာပါဝင်ပါတယ်။ကဲလိုချင်ရင် အောက်မှာဒေါင်းလိုက်ပါ။ကျွန်တော် မူရင်းဆိုက်ကနေ ဆွဲပြီးပြန်တင်ပေးထားပါတယ်။မူရင်းဆိုက်က ဆွဲရတာ ရှုပ်လိုပါ။ကဲဒေါင်းလိုက်ပါနော်။

                                                            DOWNLOAD HERE

အဆင်မပြေတာရှိရင် ပြန်ပြောပေးပါနော်။(လင်းဇာနည်)

Firefox ကို တစ်စက္ကန့် ရဲ့ ၁၀ ပုံ ၁ ပုံ နဲ.ပွင်အောင်ဖွင့်မယ်

အင်တာနက် အသုံးပြုဖို့အတွက် ရှိသမျှ Browser တွေထဲမှာ ကျနော်ကတော့ Firefox Browser ကို အကြိုက်ဆုံးပါပဲ .. ဒါပေမဲ့ဗျာ... မကြိုက်တာ တစ်ခုကတော့  သူ့ကိုဖွင့်ရင် တော်တော်နဲ့ Browser ကတတ်မလာဘူး... ၃/၄ မိနစ် လောက်ထိကြာတဲ့ အခါမျိုးတောင်ရှိပါတယ်...တခါတလေဆိုရင် Firefox က ပွင့်ကိုမလာတော့လို့ တခြား Browser တွေကို မသုံးချင်ပဲ လှဲ့ပတ်သုံးရပါတယ်...။ဒါတွေ ကိုအဆင်ပြေအောင်ဒါလေးကကူညီပါလိမ်မယ်။
Firefox Preloader  ကို ဒေါင်းယူပြီး Run ပေးလိုက်ရင် အပေါ်ကပုံလေးထဲကလို Taskbar မှာ ရောက်လာပါလိမ့်မယ်.. အဲ့ဒီရောက်လာတဲ့ Firefox Logo လေးကို Double Click လိုက်မယ်ဆိုရင် Firefox Browser ဟာ တစ်စက္ကန့် ရဲ့ ၁၀ ပုံ ၁ ပုံ ဆိုတဲ့ အချိန်လေးမှာ ဖျက်ခနဲ ပွင့်လာမှာပါ...:)
လိုချင်ရင်အောက်မှာဒေါင်းလိုက်ပါ။
     
                                                                 DOWNLOAD HERE

အဆင်မပြေတာရှိရင် ပြန်ပြောပေးပါ။(လင်းဇာနည်)

နှစ်ခုထပ်နေတဲ့ ဖိုင်တွေကို ရှာမယ်

ဒီဆော့ဝဲလေးကတော့ နှစ်ခုထပ်နေတဲ့ ဖိုင်တွေကို ရှာပေးတယ် ။ဖျက်ချင်ရင် လည်း ဖျက်လိုရတယ် ။တော်တော်လေး အသုံးဝင်ပါတယ်နော် ။ဒေါင်းချင်ရင် အောက်မှာပါနော်။

                                                                          ဒီမှာဒေါင်းလိုက်ပါ

အဆင်မပြေတာရှိရင်ပြန်ပြောပေးပါ။(လင်းဇာနည်)

Screen saver နောက်တစ်မျိုးပါ ( ရေအောက်ကမ္ဘာ)

ဒီကောင်လေးကတော့ ရေအောက် ပင်လယ်ပုံစံ Screen saver လေးပါနော်။လိုချင်ရင် အောက်မှာဒေါင်းလိုက်ပါ။


အဆင်မပြေတာရှိရင်ပြန်ပြောပေးပါ။(လင်းဇာနည်)

CD / DVD တွေကို Burn ပေးနိုင်တဲ့ကောင်လေးပါ

ကဲ့ စီဒီတွေ ကိုဗန်းချင်ရင်တော့ ဒီအောက်ကကောင်လေးကို ဒေါင်းလိုက်ပါ။
                       
                                                                   ဒီကိုနှိပ်ပါနော်

အဆင်မပြေတာရှိရင် ပြန်ပြောပေးပါ။(လင်းဇာနည်)